ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

“ရေပိုက်လိုင်းသွယ်တန်းနေမှုအခြေအနေ ကွင်းဆင်းစစ်ဆေး”

Date : 09 November 2024

 

ဟိုပုံး၊ နိုဝင်ဘာ ၉ ရက်

 

  ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် အတွင်း ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၁၂)ရက်နှင့် (၁၃)ရက်နေ့များတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် စံဖူးကျေးရွာအုပ်စု၊ စံဖူးကျေးရွာတွင် တောင်မြေပြို၍ သောက်သုံးရေ အတွက် သွယ်တန်းထားသည့် ရေပိုက်(၃၄၂)လုံး ကျိုးပဲ့ပျက်စီးကာ သောက်သုံးရေ ပြတ်လပ်ခြင်းများ ဖြစ်ပေါ်ခဲ့ပါသည်။ အဆိုပါ ရေပိုက်လိုင်းပျက်စီးမှုအား ၂၀၂၄-၂၀၂၅ ခု၊ ဘဏ္ဍာရေးနှစ် (ပြည်ထောင်စု) ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ခွင့်ပြု ရန်ပုံငွေ ကျပ်(၁၅.၀၀)သန်းနှင့် ပြည်သူထည့်ဝင်ငွေ ကျပ်(၀.၇၃၂)သန်း စုစုပေါင်း(၁၅.၇၃၂) သန်းဖြင့် စံဖူးကျေးရွာ ရေပိုက်ဝယ်ယူခြင်း(၆၅၀၀’)အား (၁၀-၁၀-၂၀၂၄) ရက်နေ့တွင် စတင် ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေအား (၇-၁၁-၂၀၂၄)ရက်နေ့တွင် ဟိုပုံးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးလွင်မြင့် နှင့် တာဝန်ခံအင်ဂျင်နီယာတို့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

အခြားသတင်းများ


Date : 07 November 2024

ဖတ်ရှုရန်