ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

ပုဗ္ဗသီရိမြို့နယ်တွင် ၂၀၂၄-၂၀၂၅ခုဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာများရှိ သင်တန်းသားများ စီမံချက်ရေးဆွဲနည်းနှင့် AVIP သင်တန်းပေးခြင်း ဆောင်ရွက်ပြီးစီး

Date : 19 August 2024

၂၀၂၄-၂၀၂၅ခုဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ပုဗ္ဗသီရိမြို့နယ်၊ ကျေးရွာနှစ်ရွာဖြစ်သည့် ရန်အောင်နှင့် သပြေစမ်းကျေးရွာများရှိ သင်တန်းသားများကို ကျေးရွာဖွံ့ဖြိုးရေးစီမံချက်ရေးဆွဲနည်းနှင့်  AVIP သင်တန်းကို (၁၉.၈.၂၀၂၄)ရက်နေ့တွင် အဆိုပါမြို့နယ်ရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ စီမံကိန်းတာဝန်ခံများက စီမံချက်ရေးဆွဲရခြင်း၏ အားသာချက်များ၊ ရရှိလာသည့်အကျိုးကျေးဇူးများ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များရေးဆွဲရာတွင် PRA Tools များအသုံးပြုပုံအဆင့်ဆင့်၊ ကျေးရွာအခြေခံအချက်အလက်များမှကောက်ယူပြီး ထိုမှတစ်ဆင့် ကျေးရွာစာအုပ်တစ်အုပ်ဖြစ်ပေါ်လာစေရန်အပြင် လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာတွင်လည်း လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း ဖြည့်စွက်၍ သင်တန်းပို့ချခဲ့ကြကြောင်း သိရှိရပါသည်။ ကျေးရွာ(၁)ရွာစီမှ သင်တန်းသား/သူ(၂)ဦးစီး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

အခြားသတင်းများ