ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ကန်ကြီးထောင့်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျုံကြီးကျေးရွာ၊ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ဖြင့် ကွန်ကရစ်လမ်းဆောင်ရွက်နေမှုအားကွင်းဆင်းစစ်ဆေးခြင်း

Date : 07 November 2024

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ကန်ကြီးထောင့်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ကျုံကြီးကျေးရွာအုပ်စု၊ကျုံကြီးကျေးရွာတွင် ၂၀၂၄-၂၀၂၅ခု၊ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် ကွန်ကရစ်လမ်းဆောင်ရွက်နေမှုအား (၀၅.၁၁.၂၀၂၄)ရက်နေ့တွင်ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များမှာကြားခဲ့ပါသည်။  အဆိုပါလမ်းသည် (၂၅.၀၈.၂၀၂၄)ရက်နေ့ တွင် စတင်ဆောင်ရွက်ခဲ့ပြီး နိုင်ငံတော်ထောက်ပံ့ငွေ ကျပ်(၁၅.)သန်း၊ပြည်သူထည့်ဝင်ငွေ ကျပ်(၆.၀) စုစုပေါင်းကျပ်(၂၁.၀)သန်းဖြင့် ဆောင်ရွက်ခြင်းဖြစ်ပါသည်။