ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

လဲချားမြို့နယ် ကွန်ဟုန်းကျေးရွာ၌ VDP စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းပြုလုပ်

Date : 17 August 2024

 လဲချား သြဂုတ် ၁၃

 ရှမ်းပြည်နယ်(တောင်ပိုင်း) လဲချားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄−၂၀၂၅ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို သြဂုတ် ၁၃ ရက် နံနက်ပိုင်းက အဆိုပါကျေးရွာ၌ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

 ရှေးဦးစွာ လဲချားမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များနှင့် လုပ်ငန်းစဉ်များအကြောင်းရှင်းလင်းပြောကြားသည်။

 ဆက်လက်၍ စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးကော်မတီဖွဲ့စည်းရာတွင် လိုက်နာရမည့်စည်းကမ်းသတ်မှတ်ချက်များ၊ ကျေးရွာက ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 ထို့နောက်မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းနှင့် တာဝန်ရှိသူများက ကျေးရွာသူ၊ကျေးရွာသားများ၏ သဘောဆန္ဒနှင့်အညီ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးကော်မတီဝင်ခုနှစ်ဦးကို ရွေးချယ်ဖွဲ့စည်းပေးခဲ့သည်။ ကွန်ဟုန်းကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ပံ့ပိုးရန်ပုံငွေကျပ်သိန်း ၁၅၀ အသုံးပြုကာ လဲချားမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှု၊ အနည်းကပ်ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် ကျေးရွာပိုင်ဘက်စုံသုံးခန်းမတည်ဆောက်ခြင်းလုပ်ငန်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အခြားသတင်းများ