ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ် ပုဗ္ဗသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)၊ စီမံကိန်းမိတ်ဆက်ခြင်းနှင့်ကော်မတီဖွဲ့စည်းခြင်း အစည်းအဝေးကျင်းပြုလုပ်ပြီးစီး

Date : 16 August 2024

၂၀၂၄-၂၀၂၅ခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာ(၂)ရွာဖြစ်သည့် ရန်အောင်ကျေးရွာနှင့် သပြေစမ်းကျေးရွာတို့တွင် သို့ (၁၀.၈.၂၀၂၄)ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကွပ်ကဲမှုအောက်ရှိ ပုဗ္ဗသီရိမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကိုကိုနှင့် စီမံကိန်းတာဝန်ခံများသွားရောက်ကာ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ဖွံ့ဖြိုးရေးကော်မတီဖွဲ့စည်းခြင်းလုပ်ငန်းစဉ်များကို ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ခဲ့ရာတွင် မြို့နယ်ဦးစီးမှူးမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း၏ရည်ရွယ်ချက်များ၊ စီမံကိန်းလုပ်ငန်းငန်းစဉ်များ၊ ကျေးရွာမှပါဝင်ရမည့်အပိုင်းများ၊ ကျေးရွာကော်မတီ၏ လုပ်ငန်းတာဝန်များ၊ စီမံကိန်းဆောင်ရွက်ခြင်းမှရရှိလာသည့် အကျိုးကျေးဇူးများကို ချပြရှင်းလင်းခဲ့ပြီး စီမံကိန်းတာဝန်ခံများမှ ဖွံ့ဖြိုးရေးလုပ်ငန်းများ ရွေးချယ်ဆောင်ရွက်ရာ၌ ကျေးရွာအတွက် အမှန်တကယ်လိုအပ်ပြီး အများစုကိုလည်း အကျိုးပြုစေမည့် လုပ်ငန်းကိုသာရွေးချယ်ရန်လိုအပ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာ၌ ကျေးရွာ၏ထည့်ဝင်ငွေပါဝင်နိုင်လျှင်ပိုမိုကောင်းမွန်ပါကြောင်း ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ကျေးရွာတစ်ရွာလျှင် ကော်မတီ(၇)ဦးစီပါဝင်သောအဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်းသိရှိရပါသည်။

အခြားသတင်းများ