ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

ပင်လောင်းမြို့နယ် လွယ်အယ်ကျေးရွာ၌ VDP စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်း

Date : 06 August 2024

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ကျေးလက်သေဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ဩဂုတ်လ ၅ ရက်‌နေ့တွင် ပင်ခင်ကျေးရွာအုပ်စု၊ လွယ်အယ်ကျေးရွာ၌ ဆောင်ရွက်ကြောင်းသိရသည်။ ရှေးဦးစွာ ပင်လောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးဇော်ဝင်းက ၂၀၂၄-၂၀၂၅ ဘဏ္ဍာ‌နှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ခွင့်ပြုငွေ ငွေကျပ်သိန်း ၁၅၀ ဖြင့် လွယ်အယ်ကျေးရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ထိုနောက် တက်ရောက်လာကြသော ကျေးရွာသူ/ ကျေးရွာသားများက ကျေးရွာဖွံ့ဖြိးရေးလုပ်ငန်းများကို အမှန်တစ်ကယ်ဆောင်ရွက်နိုင်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလပ်ငန်းစီမံကိန်း ကော်မတီဝင်ခုနှစ်ဦးကို အများသဘောဆန္ဒနှင့်အညီ ရွေးချယ်ပေးခဲ့ကြောင်း သိရသည်။

အခြားသတင်းများ