ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

ပင်လောင်းမြို့နယ် တပိုင်မူးကျေးရွာ၌ VDP စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း ဆောင်ရွက်

Date : 04 August 2024

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ယနေ့ နံနက်ပိုင်းက ပေါ့အင်ကျေးရွာအုပ်စု၊ တပိုင်မူးကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။ ဦးစွာ ပင်လောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်ဝင်းက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် တပိုင်မူးကျေးရွာ၌ နိုင်ငံတော်ပံ့ပိုးရန်ပုံငွေ ကျပ်သိန်း ၁၅၀ ၊ ပြည်သူထည့်ဝင်ငွေများဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ရာ ၎င်းစီမံကိန်းကို ကျေးရွာသူ ကျေးရွာသားများက တာဝန်ယူ၍ အကောင်အထည်ဖော်ဆောင်ရွက်သွားရမည့် စီမံကိန်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ စီမံကိန်းတာဝန်ခံက ကျေးရွာဖွံ့ဖြိုးရေးကော်မတီများ ရွေးချယ်ဖွဲ့စည်းရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ၊ ကျေးရွာမှ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ကဏ္ဍအလိုက် ရှင်းလင်းပြောကြားကာ တက်ရောက်လာကြသည့် ကျေးရွာသူ/ကျေးရွာသားများက ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများကို အမှန်တစ်ကယ် ဆောင်ရွက်နိုင်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဝင် ခုနှစ်ဦးကို အများသဘောဆန္ဒနှင့် အညီ ရွေးချယ်ပေးခဲ့ကြောင်း သိရသည်။

အခြားသတင်းများ