ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်နတ်မောက်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တွင်းကြီးကျေးရွာအုပ်စု၊ ဖလံပင်ကျေးရွာ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)၊ စီမံကိန်းမိတ်ဆက်ခြင်းနှင့်ကော်မတီဖွဲ့စည်းခြင်း အစည်းအဝေးကျင်းပြုလုပ်

Date : 17 June 2024

၂၀၂၄-၂၀၂၅ခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် တွင်းကြီးကျေးရွာအုပ်စု၊ ဖလံပင်ကျေးကျေးရွာသို့ (၁၇.၆.၂၀၂၄)ရက်နေ့တွင် နတ်မောက်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦး(လက်ထောက်ညွှန်ကြားရေးမှူး)နှင့် စီမံကိန်းတာဝန်ခံများသွားရောက်ကာ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ဖွံ့ဖြိုးရေးကော်မတီဖွဲ့စည်းခြင်းလုပ်ငန်းစဉ်များကို ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ခဲ့ရာတွင် မြို့နယ်ဦးစီးမှူးဦးဝင်းနိုင်ဦး(လက်ထောက်ညွှန်ကြားရေးမှူး)မှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း၏ရည်ရွယ်ချက်များ၊ စီမံကိန်းလုပ်ငန်းငန်းစဉ်များ၊ ကျေးရွာမှပါဝင်ရမည့်အပိုင်းများ၊ ကျေးရွာကော်မတီ၏ လုပ်ငန်းတာဝန်များ၊ စီမံကိန်းဆောင်ရွက်ခြင်းမှရရှိလာသည့် အကျိုးကျေးဇူးများကို ချပြရှင်းလင်းခဲ့ပြီး စီမံကိန်းတာဝန်ခံများမှ ဖွံ့ဖြိုးရေးလုပ်ငန်းများရွေးချယ်ဆောင်ရွက်ရာ၌ ကျေးရွာအတွက် အမှန်တကယ်လိုအပ်ပြီး အများစုကိုလည်း အကျိုးပြုစေမည့် လုပ်ငန်းကိုသာရွေးချယ်ရန်လိုအပ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာ၌ ကျေးရွာ၏ထည့်ဝင်ငွေပါဝင်နိုင်လျှင်ပိုမိုကောင်းမွန်ပါကြောင်း ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ကော်မတီ(၇)ဦးပါဝင်သောအဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်းသိရှိရပါသည်။