၂၀၂၃-၂၀၂၄ခုဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် စီမံကိန်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးအဆင့် စီမံကိန်းများဆိုင်ရာ သုံးသပ်ဆွေးနွေးပွဲအခမ်းအနားကျင်းပပြီးစီး
Date : 10 May 2024
၂၀၂၄ခုနှစ်၊ မေလ ၁၀ ရက်
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကွပ်ကဲမှုအောက်ရှိ ခရိုင်/မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများမှ ၂၀၂၃-၂၀၂၄ခုဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော ဆိုလာရေတင်လုပ်ငန်း၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ခေတ်မီစံပြကျေးရွာ ထူထောင်ရေးလုပ်ငန်းစီမံကိန်း(SMART Village)၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အထောက်အကူပြုသင်တန်းနှင့် ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း(RBF) စီမံကိန်းဆိုင်ရာ သုံးသပ်ဆွေးနွေးပွဲကို (၁၀-၄-၂၀၂၄)ရက်နေ့ နံနက်ပိုင်းက ဒက္ခိဏသီရိမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက အဖွင့်အမှာစကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းက စီမံကိန်းများဆိုင်ရာ သုံးသပ်ပွဲဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ၊ ဆွေးနွေးခြင်းမှ ထွက်ရှိလာသည့်အချက်များတွင် အားနည်းချက်များကို ပြုပြင်ပြောင်းလဲ၍ အားသားချက်များကို ရှေ့ဆောင်ရွက်မည့်စီမံကိန်းများတွင် ဆက်လက်၍ လက်ဆင့်ကမ်းယူဆောင်ပြီး အသုံးချကြရန်လိုအပ်ကြောင်း၊ မြေပြင်တွင် လက်တွေ့ဆောင်ရွက်နေရသည့် စီမံကိန်းအလိုက် ကျေးရွာကော်မတီဝင်များအနေဖြင့်လည်း မြေပြင်တွင် ကြုံတွေ့ခဲ့ရသည်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးစေလိုကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့်ပတ်သက်၍ စီမံကိန်းစက်ဝန်းတစ်နှစ်အတွင်း အကောင်းဆုံးအကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သည့် ပထမဆုဆုရရှိသော ကျေးရွာ(၁)ရွာကို နေပြည်တော်ကောင်စီဝင်က ဆုချီးမြှင့်ပေးခဲ့ပါသည်။ ဆက်လက်၍ ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် စီမံကိန်းကျေးရွာအသီးသီးမှ ကော်မတီဝင်များက စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရခြင်း၏ အကျိုးကျေးဇူးများ၊ အားနည်းချက်များ၊ အသားချက်များ၊ အကြံပြုချက်များနှင့် ကျေးရွာဖွံ့ဖြိုးရေးကိစ္စများ သုံးသပ်ဆွေးနွေးခဲ့ပြီး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးရန်မျိုးနိုင်က ဆွေးနွေးချက်များအပေါ် လိုအပ်သည်များ ထပ်မံဖြည့်စွက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။