ညောင်ရွှေမြို့နယ် စံကားကျေးရွာ၌ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပြီးစီးမှုစစ်ဆေး
Date : 25 March 2024
ညောင်ရွှေ မတ် ၁၉
ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောခရိုင် ညောင်ရွှေမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် စံကားကျေးရွာအုပ်စုစံကားကျေးရွာ၌ ဒေသဖွံ့ဖြို့ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို မတ် ၁၈ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင်ညောင်ရွှေမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကိုကိုနိုင်၊ ညောင်ရွှမြို့နယ် ကျေးလက်ဒေသတိုးတက်ရေးဦးစီးဌာန ဦးစီးရာရှိ ဒေါ်ခင်မြတ်မြတ်မူ၊ ညောင်ရွှမြို့နယ် ကျေးလက်ဒေသတိုးတက်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဟိန်းထက်ကျော် တို့ကစံကားကျေးရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူး ဦးကိုကိုနိုင်က ကျေးရွာဖွံ့ဖြိုးရေကော်မတီဝင်များနှင့် တွေ့ဆုံကာလုပ်ငန်းများ ရေရှည်တည်တံ့အောင်ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ကြရန် ဆွေူးနွေးမှာကြားသည်။
ညောင်ရွှမြို့နယ် စံကားကျေးရွာ၌ လီတာ ၂၀၀၀ ဆံ့ရေစင်တည်ဆောက်ခြင်း၊ စာသင်ကျောင်အားကစားဝင်းအတွင်း အရှည် ပေ ၃၅၀၊ အကျယ် ၁၀ပေ၊ အမြင့်ခြောက်လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီးမံကိန်းပံ့ပိုးငွေကျပ် သိန်း ၁၅၀ ဖြင့်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများ၏နည်းပညာပံ့ပိုးကူညီမှုဖြင့် ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များက ဦးဆောင်၍ ကျေးရွာသူ၊ကျေးရွာသားများကိုယ်တိုင် ၂၀၂၃ ခုနှစ်နိုဝင်ဘာလဒုတိယပတ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများရာခိုင်နှုန်းပြည့် ပြီးစီးနေပြီးဖြစ်ကြောင်း ညောင်ရွှေမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှသိရသည်။