တပ်ကုန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ခုဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ကျေးရွာများ ရွေးချယ်ပြီးစီး
Date : 26 April 2024
၂၀၂၄ခုနှစ်၊ ဧပြီလ ၂၅ ရက်
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကွပ်ကဲမှုအောက်ရှိ တပ်ကုန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ခုဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းများဖြစ်သည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)၊ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းစီမံကိန်း၊ မြစိမ်းရောင်စီမံကိန်းများ ရွေးချယ်ခြင်းအခမ်းအနားကို (၂၄.၄.၂၀၂၄)ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၏ အစည်းအဝေးခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးညီညီထွေးက ကျေးလက်ဦးစီးမှ အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းကျေးရွာများရွေးချယ်ရာတွင် အကြီးအကဲများ၏ခရီးစဉ်ညွှန်ကြားချက်လုပ်ငန်းများအပါအဝင် ဦးစားပေးဆောင်ရွက်ပေးသင့်သည့် ကျေးရွာများကို ရွေးချယ်ပေးစေလိုကြောင်း ဆွေးနွေးခဲ့ရာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းက ထိုသို့ရွေးချယ်ရာတွင် သတ်မှတ်ထားသော စံနှုန်းများနှင့်အညီ ရွေးချယ်ရမည်ဖြစ်သည့်အတွက် အဆိုပါစံနှုန်းများနှင့်ကိုက်ညီသည့်ကျေးရွာများကိုသာ တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများအနေဖြင့် ဦးစားပေးရွေးချယ်ပေးစေလိုကြောင်း ဆွေးနွေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌမှ လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။