ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

ပုဗ္ဗသီရိမြို့နယ်တွင် ၂၀၂၄-၂၀၂၅ခုဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ကျေးရွာများ ရွေးချယ်ပြီးစီး

Date : 10 May 2024

၂၀၂၄ခုနှစ်၊ မေ လ   ၁၀ ရက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကွပ်ကဲမှုအောက်ရှိ ပုဗ္ဗသီရိမြို့နယ်တွင် ၂၀၂၄-၂၀၂၅ခုဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ကျေးရွာများ ရွေးချယ်ခြင်းအခမ်းအနားကို (၇.၅.၂၀၂၄)ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင် ပုဗ္ဗသီရီမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစိန်ကြည်က ကျေးလက်ဦးစီးမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းသည် ကျေးလက်နေပြည်သူအတွက် အမှန်တကယ်အကျိုးဖြစ်ထွန်းစေသည့် ဒေသဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းဖြစ်ပါကြောင်း၊ မိမိတို့ရွေးချယ်ပေးလိုက်သော ကျေးရွာများမှာ စီမံကိန်းလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် အဆင်မပြေမှုများရှိပါက ပွင့်လင်းစွာ တင်ပြဆွေးနွေးပေးစေလိုကြောင်း၊ စီမံကိန်းအား ကြီးကြပ်ကွပ်ကဲ အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးလက်ဦးစီးဌာနအနေဖြင့် ပဏာမရွေးချယ်ထားသော ကျေးရွာစာရင်းများရှိ ကျေးရွာများအား ဦးစားပေး ရွေးချယ်ရန်လိုအပ်ကြောင်း ဆွေးနွေးခဲ့ရာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကိုကိုက ယခုနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းကို စုစုပေါင်းကျေးရွာ(၂)တွင် ရွေးချယ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထိုသို့ရွေးချယ်ရာတွင် သတ်မှတ်ထားသော စံနှုန်းများနှင့်အညီ ရွေးချယ်ရမည်ဖြစ်သည့်အတွက် အဆိုပါစံနှုန်းများနှင့် စီမံကိန်းနှင့်အကျုံးဝင်ပြီး ကျေးရွာမှစီမံကိန်းဆောင်ရွက်လိုကြောင်း တင်ပြထားသည့် ကျေးရွာများစာရင်းကိုသာ ဦးစားပေးရွေးချယ်ပေးစေလိုကြောင်း ဆွေးနွေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌမှ လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။