ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

ဇေယျာသီရိမြို့နယ်တွင် ၂၀၂၄-၂၀၂၅ခုဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ကျေးရွာများ ရွေးချယ်ပြီးစီး

Date : 09 May 2024

၂၀၂၄ခုနှစ်၊ မေ လ  ၉  ရက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကွပ်ကဲမှုအောက်ရှိ ဇေယျာသီရိမြို့နယ်တွင် ၂၀၂၄-၂၀၂၅ခုဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ကျေးရွာများ ရွေးချယ်ခြင်းအခမ်းအနားကို (၇.၅.၂၀၂၄)ရက်နေ့ နေ့လည်(၁း၀၀)နာရီအချိန်တွင် ဇေယျာသီရိမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇေထက်အောင်ကအဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးဇော်မှ ၂၀၂၄-၂၀၂၅ခုဘဏ္ဍာရေးနှစ်တွင် ဇေယျာသီရီမြို့နယ်အတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဆောင်ရွက်ရန် ကျေးရွာ(၃)ရွာကို ရွေးချယ်ပေးရမည်ဖြစ်ကြောင်း၊  မိမိတို့ရွေးချယ်ပေးလိုက်သော ကျေးရွာများမှာ စီမံကိန်းလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် အဆင်မပြေမှုများရှိပါက ပွင့်လင်းစွာ တင်ပြဆွေးနွေးပေးစေလိုကြောင်း၊  ထိုသို့ရွေးချယ်ရာတွင်လည်း သတ်မှတ်ထားသော စံနှုန်းများနှင့်အညီ ရွေးချယ်ရမည်ဖြစ်သည့်အတွက်   တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများအနေဖြင့် သတ်မှတ်စံနှုန်းနှင့်ကိုက်ညီမှုရှိပြီး ပူးပေါင်းပါဝင်မှုအားကောင်းသည့် ကျေးရွာများကို ဦးစားပေးရွေးချယ်ပေးစေလိုကြောင်း ဆွေးနွေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌမှ လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။