ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

ဇမ္ဗူသီရိမြို့နယ်တွင် ၂၀၂၄-၂၀၂၅ခုဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ကျေးရွာများ ရွေးချယ်ပြီးစီး

Date : 02 May 2024

၂၀၂၄ခုနှစ်၊ မေ လ  ၂  ရက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကွပ်ကဲမှုအောက်ရှိ ဇမ္ဗူသီရိမြို့နယ်တွင် ၂၀၂၄-၂၀၂၅ခုဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ကျေးရွာများ ရွေးချယ်ခြင်းအခမ်းအနားကို (၂၄.၄.၂၀၂၄)ရက်နေ့ နံနက်(၉း၀၀)နာရီအချိန်တွင် ဇမ္ဗူသီရိမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးနေမျိုးထွန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ကေဇင်လှိုင်းက ကျေးလက်ဦးစီးမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းကျေးရွာ ရွေးချယ်ဆောင်ရွက်ရန်အတွက် ဒေသဖွံ့ဖြိုးရေနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်သင့်သည်များ၊ ကျေးရွာများလိုအပ်ချက်နှင့်အညီ ကိုက်ညီမှုရှိစေရန်၊ ယခုနှစ်တွင် စီမံကိန်းကျေးရွာ(၁)ဆောင်ရွက်ခွင့်ရရှိပြီး  တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများအနေဖြင့်လည်း သတ်မှတ်စံနှုန်းနှင့်ကိုက်ညီမှုရှိပြီး ပူးပေါင်းပါဝင်မှုအားကောင်းသည့် ကျေးရွာကို ဦးစားပေးရွေးချယ်ပေးစေလိုကြောင်း ဆွေးနွေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌမှ လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။