ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

ပျဉ်းမနားမြို့နယ်တွင် ၂၀၂၄-၂၀၂၅ခုဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ကျေးရွာများ ရွေးချယ်ပြီးစီး

Date : 02 May 2024

၂၀၂၄ခုနှစ်၊ ဧပြီလ  ၂  ရက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကွပ်ကဲမှုအောက်ရှိ ပျဉ်းမနားမြို့နယ်တွင် ၂၀၂၄-၂၀၂၅ခုဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ကျေးရွာများ ရွေးချယ်ခြင်းအခမ်းအနားကို (၂၅.၄.၂၀၂၄)ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင် ပျဉ်းမနားမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့ရာ ခရီုင်ဦးစီးမှူး ဒေါ်ခိုင်ရွှေဝါက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခွန်ခူးက စီမံကိန်းလုပ်ငန်းများရွေးချယ်ရာတွင် သတ်မှတ်စံနှုန်းနှင့်ကိုက်ညီသည့် ကျေးရွာများကိုသာ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများအနေဖြင့် ရွေးချယ်ပေးစေလိုကြောင်း၊ ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နေဇာခြည်ဝေက စီမံကိန်းကျေးရွာရွေးချယ်ရမည့်အချက်များနှင့် မရွေးချယ်ရမည့်ကျေးရွာများကို ရှင်းလင်းပြောကြားပြီး ယခုရွေးချယ်ပြီးစီးသည့်ကျေးရွာစာရင်းကို ကျေးလက်ဦးစီးဌာန(ရုံးချုပ်)အပြင် နေပြည်တော်ကောင်စီသို့လည်း ဆက်လက်တင်ပြအတည်ပြုချက်ရယူရမှာဖြစ်သည့်အတွက် ပူးပေါင်းပါဝင်ပေးစေလိုကြောင်း ဆွေးနွေးခဲ့ပါသည်။