ကျေးသီးမြို့နယ်၌ VDPစီမံကိန်းဖြင့် အဝီစိစက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုစစ်ဆေး
Date : 20 March 2024
ကျေးသီးမြို့နယ်၌ VDPစီမံကိန်းဖြင့် အဝီစိစက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုစစ်ဆေး
ကျေးသီး မတ်လ ၂၀ရက်
သမဝါယမနှင့် ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၊ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ ကျေးသီး မြိုနယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ်တွင်ကျေးရွာဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် အဝီစိစက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများမှ ဝမ်ဝပ်ကျေးရွာအုပ်စု၊ ဖာဆောင်ကျေးရွာ၌ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသိုကွင်းဆင်းစစ်ဆေးရာတွင် ကျေးသီးမြိုနယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မြိုနယ်ဦးစီးမှူး ဦးအေးနိုင် နှင့် တာဝန်ရှိသူများသည် ဖာဆောင်ကျေးရွာတွင် အကျယ် ၂လက်မ အနက် ပေ ၂၅၀ ရှိ စက်ရေတွင်းတူးဖော်ခြင်း နှင့် ဂါလံ(၅၀၀၀)ဆံ့ ရေစုကန် တည်ဆောက်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြိုနယ်ဦးစီးမှူးက အဆိုပါကျေးရွာရှိ ကျေးရွာဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းကော်မတီများ၊ ကျေးရွာသူ/သားများနှင့် တွေ့ဆုံကာ လုပ်ငန်းများ အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးအလေးထား ဆောင်ရွက်သွားကြရန် နှင့် လုပ်ငန်းများရာနူန်းပြည့်ပြီးစီးပါက ကျေးရွာရေကော်မတီများဖွဲ၍ သောက်သုံးရေအား စနစ်တကျ သုံးစွဲကြရန် ဆွေးနွေးမှာကြားခဲ့သည်။
အဆိုပါအဝီစိစက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများကို ကျေးရွာဖွံဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ပံ့ပိုးရန်ပုံငွေကျပ်(၁၅၀)သိန်းကို အသုံးပြုကာ မြိုနယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန ဝန်ထမ်းများနှင့် ကျေးရွာသူ/သားများပူးပေါင်း၍ ယခုနှစ် ဖေဖော်ဝါရီလ ဒုတိယ အပတ်က စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများအားလုံး၏ ၉၀ ရာခိုင်နူန်းခန့် ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်း လုပ်ငန်းများ ရာနူန်းပြည့် ဆောင်ရွက်ပြီးစီးပါက အဆိုပါကျေးရွာရှိ ကျေးလက်နေပြည်သူများအတွက် သန့်ရှင်းသော သောက်သုံးရေများ ရာသီမရွေး ရရှိမည် ဖြစ်ကြောင်း ကျေးသီးမြိုနယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မြိုနယ်ဦးစီးမှူး ဦးအေးနိုင် ထံမှ သိရသည်။
ချိုသန်းညွန့် (ကျေးလက်)