ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် တောင်ကြီး မြို့နယ်၌ ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲ ကျင်းပ

Date : 20 March 2024

(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် တောင်ကြီး မြို့နယ်၌ ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲ ကျင်းပ
============================================================================================
တောင်ကြီး   မတ်လ ၂၀ရက်
======================
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ် ကျေးလက် ဒေသ‌ ‌ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက (၇၉)နှစ်မြောက်တပ်မတော်နေ့ကို  ကြိုဆိုဂုဏ်ပြုသောအားဖြင့်  ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ကျေးလက်နေ ပြည်သူများလမ်းပန်း ဆက်သွယ်ရေး အဆင်ပြေလွယ်ကူပြီး ရာသီမရွေးသွားလာ နိုင်ရန် ရည်ရွယ်၍  ကျေးရွာတွင်း ကွန်ကရစ်လမ်း သစ် ဖွင့်ပွဲအခမ်းအနားကိုယနေ့ နံနက်ပိုင်းက ဖာမွန်း ကျေးရွာအုပ်စု၊ ဖာမွန်း(နောက်)ကျေးရွာ ကွန်ကရစ်လမ်း မုဒ်ဦး ဆိုင်းဘုတ်၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်က အဖွင့် အမှာစကားပြောကြားသည်။ ဆက်လက်၍  ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနပြည်နယ်ဦးစီးမှူး ဦးမောင်မောင်ဝင်းက ဖာမွန်း(နောက်)ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့်  ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး ဖာမွန်း(နောက်) ကျေးရွာရှိ ရပ်မိရပ်ဖတစ်ဦး က ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။

ထိုနောက် ဖွင့်ပွဲအခမ်းအနားကို တက်ရောက်လာကြသော ရှမ်းပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်ဦးစီးမှူး ၊ ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး နှင့် ရပ်မိရပ်ဖများက (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ကျေးရွာ ကွန်ကရစ်လမ်း မုတ်ဦးဆိုင်းဘုတ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကွန်ကရစ်လမ်းအားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါကွန်ကရစ်လမ်းသည် အရှည် ၉၀၀ပေ၊ အကျယ် ၁၂ ပေ၊ ထု ၇ လက်မရှိပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ပံ့ပိုးရန်ပုံငွေကျပ်သိန်း(၁၅၀)၊ ပြည်သူထည့်ဝင်ငွေကျပ်(၉၂)သိန်း၊စုစုပေါင်း ရန်ပုံငွေကျပ်(၂၄၂)သိန်းကို အသုံးပြုကာ ပြည်နယ် /ခရိုင်/  မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှု၊ကွင်းဆင်းကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူ/သားများကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်းတောင်ကြီးခရိုင်   ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးထံမှ သိရသည်။