(၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့်ရေဖြူမြို့နယ်၊ရာဖူးကျေးရွာ ဖွံ့ဖြိုးရေးစီမံကိန်း(VDP)ထောက်ပံ့ရန်ပုံငွေ၊ပြည်သူပူးပေါင်းပါဝင်မှုဖြင့်ရာဖူးကျေးရွာဈေးဖွင့်ပွဲအခမ်းအနားကို(၂.၁.၂၀၂၄)နံနက်(၁၀)နာရီအချိန်၊ မြို့နယ်ကျေးလက်ဦးစီးဌာန၊မြို့နယ်ဦးစီးမှူး၊ဒေါ်စန္ဒာမြင့်၊ဦးစီးအရာရှိ၊ဦးမြင့်ဦးအောင်၊ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ဈေးကော်မတီကျေးရွာသူ/သား(၁၀၀)ဦး တက်ရောက်ဖွင့်လှစ်ခဲ့ပါကြောင်းတင်ပြအပ်ပါသည်ခင်ဗျ။
Date : 02 January 2024
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာဈေးဖွင့်ပွဲကျင်းပ
ရက်စွဲ၊ ၂-၁-၂၀၂၄ နံနက်(၁၀)နာရီ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP)ထောက်ပံ့ရန်ပုံငွေ ပြည်သူထည့်ဝင်ငွေဖြင့် ဆောင်ရွက်သော ရေဖြူမြို့နယ်၊ ရာဖူးကျေးရွာအုပ်စု၊ ရာဖူးကျေးရွာဈေး ဖွင့်ပွဲအခမ်းအနားကို (၂-၁-၂၀၂၄)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရေဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာမြင့်၊ ဦးစီးအရာရှိ ဦးမြင့်ဦးအောင်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးခင်မောင်ဦးတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါဈေးတည်ဆောက်ရာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းထောက်ပံ့ရန်ပုံငွေကျပ်(၁၅.၀၀)
သန်း၊ ပြည်သူထည့်ဝင်ငွေ(၁၂:၀၀)သန်းနှင့် ရေဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နည်းပညာကူညီပံ့ပို့မှုတို့ဖြင့် ကျေးရွာဈေးအလျား(၈၀)ပေ၊ အနံ(၄၀)၊ အမြင့်(၁၂)ပေ စုစုပေါင်း ကုန်ကျငွေ (၂၇:၀၀)သန်းတို့ဖြင့် တည်ဆောက်ပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။