ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ဆောင်ရွက်သော လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

Date : 11 March 2024

သမယဝါမနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ကျေးလက်ဒေသ‌ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ခု ဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ကျေးလက်ရေရရှိရေးအတွက် ရေစုကန်တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေနေများကို မတ်လ ၉ ရက်နေ့ မနက်ပိုင်းက တာဝန်ရှိသူများသည်လိန်းညားကျေးရွာအုပ်စု၊ဝါးပြုံးကျေးရွာမှကွင်းဆင်းစစ်ဆေးပါတယ်အဲ့လိုကွင်းဆင်းစစ်ဆေးရာတွင်ပင်လောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးဇော်ဝင်း စီမံကိန်းတာဝန်ခံနှင့်ဝန်ထမ်းများဟာ ဝါးပြုံးကျေးရွာ ဂါလံ(၂၀၀၀၀)ဆံ့တည်ဆောက်ခြင်းလုပ်ငန်းရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရူးစစ်ဆေးကြပါတယ် ဝါးပြုံးကျေးရွာတွင် အဆိုပါရေစုကန်တည်ဆောက်ခြင်းလုပ်ငန်းကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ပံ့ပိုးရန်ပုံငွေကျပ်သိန်း(၁၅၀) ပြည်သူထည့်ဝင်ငွေကျပ်(၁၀) သိန်း စုစုပေါင်းရန်းပုံငွေကျပ်သိန်း(၁၆၀)ကို အသုံးပြုကာ ဇန်နဝါရီလတတိယပတ်မှ စတင်အကောင်ထည်ဖော်ဆာင်ရွက်ခဲ့ရာအခုအခါလုပ်ငန်းများအားလုံးရာနှုန်းပြည်ဆောင်ရွက်ပြီးစီးပြီးဖြစ်ပြီးအဆိုပါကျေးရွာရှိကျေးလက်နေပြည်သူများနှင့်ကျွဲနွားတိရိစ္ဆာန်များပါ သန့်ရှင်းသောသောက်သုံးရေများကို ရာသီမရွေးဖူလုံစွာရရှိနေပြီဖြစ်ပါကြောင်း သတင်းရရှိပါသည်။