ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် လယ်ဝေးမြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာ(၁၂)ရှိ ကျေးရွာကော်မတီဝင်များအား နှစ်အလိုက်ကျေးရွာရန်ပုံငွေသုံးစွဲရေး အစီအစဉ်သင်တန်းပို့ချခြင်း

Date : 17 November 2023

( ၁၆.၇.၂၀၂၃ )ရက်နေ့တွင်  ပြည်ထောင်စုနယ်မြေ ၊ နေပြည်တော် ၊ လယ်ဝေးခရိုင် ၊ လယ်ဝေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း( VDP) အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာ(၁၂)ရွာရှိ ကျေးရွာကော်မတီဝင်(၃၆)ဦးအား ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်း စီမံခန့်ခွဲမှုသင်တန်းနှင့် ကျေးရွာမတည်ရန်ပုံငွေသုံးစွဲရေး အစီအစဉ်( AVIP ) သင်တန်းအား မြို့နယ်ဦးစီးမှူး ၊ ဦးကျော်သူရ(လက်ထောက်ညွှန်ကြားရေးမှူး)နှင့် စီမံကိန်းတာဝန်ခံ ဦးကျော်ဇင်ဦး(ဒုတိယဦးစီးမှူး) တို့မှ ပို့ချပေးခဲ့ပါသည် ။