ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP) ကျေးလက်ရေပေးရေးလုပ်ငန်းဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး

Date : 13 November 2023

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP) ကျေးလက်ရေပေးရေးလုပ်ငန်းဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး ရက်စွဲ၊ ၁၃-၁၁-၂၀၂၃ နံနက်(၉)နာရီ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်းရှိ ဇာဒီကျေးရွာအုပ်စု၊ ဖားချောင်းအင်းကျေးရွာ၌ ၂"Ø (၁/၀)မိုင်ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းများကို နိုဝင်ဘာလ ၁၀ ရက် နံနက်ပိုင်းတွင် ရေဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး၊ ဦးမြင့်ဦးအောင်နှင့်အင်ဂျင်နီယာများ ကွင်းဆင်းစစ်ဆေးသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ရေဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမြင့်ဦးအောင်နှင့် အငယ်တန်းအင်ဂျင်နီယာ ဦးရဲရင့်နိုင်က ဖားချောင်းအင်းကျေးရွာ၌ ကျေးလက် ရေပေးရေးလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှု့စစ်ဆေးပြီး ၂"Ø (၁/၀)မိုင်ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းများ ရေရည်တည်တံ့ခိုင်မြဲစေရန် ရေရှည်ထိန်းသိမ်းသွားကြရန် လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီစွာ ဆောင်ရွက်ရန် ရေမီတာစနစ်ဖြင့် ပြုပြင်ထိန်းသိမ်းလုပ်ငန်းများကို ရေကော်မတီမှ စနစ်တကျဆောင်ရွက်နိုင်ရန် မှာကြားသည်။ ဖားချောင်းအင်းကျေးရွာ၌ PVC (13.5) ၂ လက်မ ရေပိုက် ၅၂၈၀ ပေ သွယ်တန်းခြင်း လုပ်ငန်းများကို ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ် ပြည်ထောင်စု ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းထောက်ပံ့ရန်ပုံငွေကျပ် ၁၅ သန်း ပြည်သူထည့်ငွေ ၁.၆ သန်း ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ နည်းပညာပံ့ပိုးမှု အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူ/သားများကိုယ်တိုင် ဩဂုတ်လ ၁၅ ရက်နေ့က စတင်ဆောင်ရွက် ခဲ့ရာ ယခုအခါ ၁၀၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ပါကြောင်း ဖားချောင်းအင်းကျေးရွာရှိ အိမ်ခြေ ၈၂ လူဦးရေ ၃၂၉ ဦးနှင့် ကျွဲး နွား တိရစ္ဆာန်များ ရာသီမရွေး သောက်သုံးရေ လုံလောက်စွာရရှိမည် ဖြစ်ကြောင်း တင်ပြအပ်ပါသည်။