ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း စီမံချက်ရေးဆွဲနည်းနှင့် Website ရေးသွင်းနည်းသင်တန်းအမှတ်စဉ်(၂/၂၀၂၃)ဖွင့်ပွဲအခမ်းအနားကျင်းပခြင်း

Date : 13 November 2023

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ဝန်ထမ်းများ စွမ်းဆောင်ရည်များ ယခင်ကထက် ပိုမိုတိုးတက်လာစေရန်နှင့် လက်တွေ့လုပ်ငန်းခွင်တွင် အသုံးချနိုင်စေရန်အတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံချက်ရေးဆွဲနည်းနှင့် Website ရေးသွင်းနည်းသင်တန်း (၂/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့နေ့လည် (၂) နာရီအချိန်က နေပြည်တော်ရှိ ရုံးအမှတ် (၃၆)၊ သုတေသနခန်းမ၌ ကျင်းပပြုလုပ်ရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်)မှ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင် တက်ရောက်အမှာစကား ‌ပြောကြားခဲ့ပါသည်။ အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြပြီး သင်တန်းကို ကချင်ပြည်နယ်၊ကယားပြည်နယ်၊ချင်းပြည်နယ်၊စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)မှအပ တိုင်းဒေသကြီး/ပြည်နယ်(၁၂)ခုမှ သင်တန်းသား၊ သင်တန်းသူ( ၂၄)ဦးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်)မှ သင်တန်းသူ (၃)ဦး၊ စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ (၂၇)ဦး တက်ရောက်ကြပါသည်။ သင်တန်းကို  (၁၃.၁၁.၂၀၂၃) ရက်နေ့မှ(၂၀.၁၁.၂၀၂၃)ရက်နေ့အထိ (၈) ရက်ကြာ စာတွေ့ လက်တွေ့ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရပါသည်။