ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကျင်းပ
Date : 27 September 2023
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဆောင်ရွက်မည့် ကျေးရွာ ၃ ရွာမှ စီမံကိန်းကော်မတီများထံ ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို စက်တင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်း(၁၀:၀၀)နာရီက အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ပထမဦးစွာ နတ်မောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးသန့်စင်က အဖွင့်အမှာစကားပြောကြားပြီး နတ်မောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးလင်းထွဋ်က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူးများ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဥ်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် နတ်မောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးသန့်စင်၊ နတ်မောက်ကျေးလက်မှ မြို့နယ်ဦးစီးမှူး ဦးစိုးလင်းထွဋ်၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်မြင့်မြင့်ချိုနှင့် စီမံကိန်းဦးစီးဌာနမှ ဒေါ်ခင်မေဝင်း (ဦးစီးအရာရှိ)တို့က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဆောင်ရွက်မည့် ဘုန်းတော်ပြည့်ကျေးရွာအုပ်စု, အိုးဘိုကျေးရွာ၊ တံခွန်တိုင်ကျေးရွာအုပ်စု၊ တံခွန်တိုင်ကျေးရွာနှင့် အိုင်ဇောက်ကျေးရွာအုပ်စု၊ ကြူချောင်းကျေးရွာ တို့မှ စီမံကိန်းကော်မတီဝင်များထံသို့ တစ်ရွာလျင်ရန်ပုံငွေ ကျပ်သန်း တစ်ရာ့ငါးဆယ်စီကို လွှဲပြောင်းပေးအပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ နတ်မောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဆောင်ရွက်မည့် ကျေးရွာ ၃ ရွာမှ ကော်မတီဝင်များတက်ရောက်ခဲ့ကြောင်း နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။