ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာ ခုနှစ်ရွာ တွင်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဆောင်ရွက်မည်

Date : 28 July 2023

ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာ ခုနှစ်ရွာ တွင်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဆောင်ရွက်မည်
==================================================================
ပွင့်ဖြူ ဇူလိုင် ၂၆
============
 
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်းရှိကျေးရွာ ခုနှစ်ရွာကို ၂၀၂၃-၂၀၂၄ခု၊ဘဏ္ဍာနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းVDP ထောက်ပံ့ရန်ပုံငွေကျပ်သိန်း (၁၀၅၀)ဖြင့်ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှသိရသည်။
 
ပွင့်ဖြူမြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းကို ယခုဘဏ္ဍာနှစ်အတွင်း ဘုရားကုန်း၊ မကြီးကုန်း၊ ကြီးကန်၊ မင်းဇံ၊ မင်းမြေ(၂)၊ မကြီးစု၊ ဘူးသည် ကျေးရွာများ၌ ကျေးရွာတစ်ရွာလျင်စီမံကိန်းထောက်ပံ့ရန်ပုံငွေကျပ်သိန်း ၁၅၀၊ ကျေးရွာခုနှစ်ရွာအတွက်  စီမံကိန်းထောက်ပံ့ရန်ပုံငွေစုစုပေါင်း ကျပ်သိန်း ၁၀၅၀ အပြင်၊ ကျေးရွာပြည်သူတွေရဲ့ထည့်ဝင်ငွေများဖြင့် သောက်သုံးရေ ရရှိရေးလုပ်ငန်း၊ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ ကျေးရွာခန်းမဆောင် တည်ဆောက်ခြင်းလုပ်ငန်း၊ အစရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နည်းပညာများပံ့ပိုးကာ ကျေးရွာပြည်သူလူထုကိုယ်တိုင် ယခုနှစ်ဩဂုတ်လအတွင်းစတင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင် ကပြောသည်။
 
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ကျေးလက်နေပြည်သူများ၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် မိမိတို့ ကျေးရွာ၏ ပကတိလိုအပ်ချက်များပါဝင်သော ကျေးရွာဖွံ့ဖြိုးရေး စီမံချက်များ ကိုမိမိတို့ကိုယ်တိုင်ရေးဆွဲပြီး အဆိုပါစီမံချက်များကို မြို့နယ်စီမံကိန်းရေးဆွဲရေးလုပ်ငန်းစဉ်များတွင်ထည့်သွင်းရေးဆွဲနိုင်ရေးအတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းကိုအကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပြီး အဆိုပါကျေးရွာ ခုနှစ်ရွာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကျေးရွာများကိုရွေးချယ်ခဲ့ပြီး လက်ရှိအချိန်မှာတော့ကျေးရွာများသို့ ကွင်းဆင်းကာ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်း၊ ကော်မတီဖွဲ့စည်းခြင်းလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင် ကဆက်လက်ပြောပြ၍သိရသည်။