ရပ်စောက်မြို့နယ်၊ ဟင်းခါးကုန်းကျေးရွာ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)လုပ်ငန်း ဆောင်ရွက်မှု ကွင်းဆင်းစစ်ဆေး
Date : 21 September 2023
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်
တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) (ပြည်ထောင်စု)ဖြင့် ပညာရေးဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်း လုပ်ငန်း (၅၀'× ၂၀'× ၁၁')ဆောင်ရွက်နေမှုအခြေအနေကို တောင်ကြီးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
ထိုသို့ ကွင်းဆင်းရာတွင် တောင်ကြီးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းအား သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းနှင့်အညီအချိန်မီပြီးရေး ကြိုပမ်းဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်ချက်များကိုလည်း ကျေးရွာကော်မတီဝင်များကို မှာကြားခဲ့ပါသည်။
ရပ်စောက်မြို့နယ်၊ ဟင်းခါးကုန်းကျေးရွာတွင် ဆောင်ရွက်သည့် ပညာရေးဝန်ထမ်းအိမ်ဆောက်လုပ်ခြင်းလုပ်ငန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေဖြင့် ကျပ် (၁၅.၀)သန်းနှင့် ပြည်သူထည့်ဝင်ငွေ ကျပ် (၄.၁၀)သန်းတို့ဖြင့် တောင်ကြီးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အင်ဂျင်နီယာဝန်ထမ်းများက နည်းပညာပံ့ပိုးကူညီကာ ကျေးရွာပြည်သူလူထုကိုယ်တိုင် ဩဂုတ်လ ၁၈ ရက်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၃၀ ရာခိုင်နှုန်း ပြီးစီပြဖြစ်ကြောင်း သိရှိရပါသည်။