၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ်၊ သပိတ်ကျင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၊ ရွှေကျွန်းပင်ကျေးရွာ၌ VDP စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင် ့ကော်မတီဖွဲ့စည်းခြင်း
Date : 20 July 2023
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁၇)ရက်နေ့ ရတနာပုံသတင်းစာ
၂၀၂၃ - ၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်ရှိ ရွှေကျွန်းပင်ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ထောက်ပံ့ငွေကျပ် (၁၅.၀)သန်း နှင့် ပြည့်သူ့ထည့်ဝင်ငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ဇူလိုင်လ ၁၅ ရက်နေ့ နံနက်ပိုင်းက သပိတ်ကျင်းမြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများ အဆိုပါ ကျေးရွာသို့ သွားရောက်ကာ ကျေးရွာသူ/သားများနှင့် တွေ့ဆုံပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူး၊ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် လိုက်နာ ရမည့်အချက်များအကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ စီမံကိန်းတာဝန်ခံများမှ အများသဘောဆန္ဒဖြင့် ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင် ၉ ဦး ကို ရွေးချယ်ဖွဲ့စည်းခဲ့ပြီး ကော်မတီဝင်များလိုက်နာရမည့် စည်းကမ်းများနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားပါသည်။ မင်းမြင့်မိုရ်