၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ်၊ မတ္တရာမြို့နယ် ၊ ထီးတော်မိုးကျေးရွာ၌ VDP စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင် ့ကော်မတီဖွဲ့စည်းခြင်း
Date : 20 July 2023
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၁၈)ရက်နေ့ ရတနာပုံသတင်းစာ
၂၀၂၃ - ၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ် မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ မတ္တရာမြို့နယ်ရှိ ထီးတော်မိုးကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ထောက်ပံ့ငွေကျပ် (၁၅.၀)သန်း နှင့် ပြည့်သူ့ထည့်ဝင်ငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ဇူလိုင်လ ၁၆ ရက်နေ့ နံနက်ပိုင်းက မတ္တရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ မတ္တရာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး နှင့် စီမံကိန်း တာဝန်ခံ ဝန်ထမ်းများ အဆိုပါကျေးရွာသို့ သွားရောက်ကာ ကျေးရွာသူ/သားများနှင့် တွေ့ဆုံပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူး၊ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် လိုက်နာရမည့်အချက်များအကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ စီမံကိန်းတာဝန်ခံများမှ အများသဘောဆန္ဒဖြင့် ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင် ၇ ဦး ကို ရွေးချယ်ဖွဲ့စည်းခဲ့ပြီး ကော်မတီဝင်များလိုက်နာရမည့် စည်းကမ်းများနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားပါသည်။
သက်မာ