ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ်၊ တံတားဦးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျေးရွာ(၆)ရွာ၌ VDP စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင် ့ကော်မတီဖွဲ့စည်းခြင်း

Date : 20 July 2023

ဇူလိုင်လ (၁၉)ရက်နေ့ မန္တလေးသတင်းစာ

ဇူလိုင်လ(၁၄)ရက်နေ့ ရတနာပုံသတင်းစာ

၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်ရှိ ကျေးရွာ(၆)ရွာ၌ (၁)ရွာလျှင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ထောက်ပံ့ငွေကျပ် (၁၅.၀)သန်းနှင့် ပြည့်သူ့ထည့်ဝင်ငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက်  ဇူလိုင်လ ၁၁ ရက်နေ့ မှ ၁၃ ရက်နေ့အထိ မြို့နယ်ဦးစီးမှူးဦးဆောင်၍ စီမံကိန်းတာဝန်ခံဝန်ထမ်းများက မြေပြင်ကွင်းဆင်းသွားရောက်ကာ ကျေးရွာသူ/သားများနှင့် တွေ့ဆုံပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းနှင့်စပ်လျဉ်း၍ စီမံကိန်းမိတ်ဆက် ရှင်းလင်းခြင်း၊  ကော်မတီဖွဲ့စည်းခြင်း လုပ်ငန်းစဉ်များအကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ စီမံကိန်းတာဝန်ခံများမှ ကော်မတီဝင်များလိုက်နာရမည့် စည်းကမ်းများနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားပါသည်။