လှိုင်းဘွဲမြို့နယ် ကော့ဝါးမီးကျေးရွာ၌ VDP စီမံကိန်းမိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းပြုလုပ်
Date : 14 July 2023
ကရင်ပြည်နယ် ဘားအံခရိုင် လှိုင်းဘွဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာ၏ ပကတိလိုအပ်ချက်များကိုဖော်ထုတ်ပြီး ဖွံ့ဖြိုးရေးအစီအစဉ်များရေးဆွဲရန်အတွက် ကော့ဝါးမီးကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းစီမံကိန်း(VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့်ကော်မတီဖွဲ့စည်းခြင်းကို ဇူလိုင် ၁၁ ရက်နံနက်ပိုင်းက အဆိုပါကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး စောကျော်နိုင်ထွန်းက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း၏ ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများ၊ စီမံကိန်းလက်စွဲစာစောင်ပါ ကော်မတီဝင်များရွေးချယ်ရာတွင် လိုက်နာရန်အချက်များ ကော်မတီ ဝင်များ၏ တာဝန်များ ကျေးလက်နေပြည်သူများ၏တာဝန်နှင့် ရပိုင်ခွင့်များကို ဆွေးနွေးပြောကြားသည်။ ထို့နောက် လှိုင်းဘွဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျေးရွာသူ၊ကျေးရွာသားများက ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင် ခုနှစ်ဦးကို အများသဘောဆန္ဒနှင့်အညီ ရွေးချယ်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကော့ဝါးမီးကျေးရွာ၌ ကျေးရွာအခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေကျပ်သိန်း ၁၅၀ ဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများက အနီးကပ်ကြီးကြပ်၍ ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လှိုင်းဘွဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။