ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

ပေါင်မြို့နယ် တောင်ပိုင်းကျေးရွာ၌ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းပြုလုပ်ခြင်း

Date : 09 August 2023

မွန်ပြည်နယ်၊ ပေါင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ      တောင်ပိုင်းကျေးရွာ၌         ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့်      ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာဖွံ့ဖြိုးရေးကော်မတီဖွဲ့စည်းခြင်းကို ဇွန်လ ၂၂ ရက်၊ နံနက် ၁၀နာရီက အဆိုပါကျေးရွာ ရွာဦးဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။ ရှေးဦးစွာ ပေါင်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး     ဦးကျော်ကျော်လတ်က         ကျေးလက်နေပြည်သူများ          လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက်      အကောင် အထည်ဖော်ဆောင်ရွက်နေသည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ရည်ရွယ်ချက်များ စီမံကိန်း လုပ်ငန်းစဉ်များနှင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများရွေးချယ်ရာတွင်   လိုက်နာရမည့်အချက်များကို ရှင်းလင်း ပြောကြားသည်။        ဆက်လက်၍ စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကော်မတီဖွဲ့စည်းရာတွင် လိုက်နာရမည့် စည်းကမ်း ချက်များ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေပါ ကျေးရွာသူ/သားများ၏ ရပိုင်ခွင့်နှင့် လိုက်နာရမည့်  တာဝန်များအကြောင်းတို့ကို ရှင်းလင်းပြောကြားပါသည်။   ထို့နောက် တက်ရောက်လာကြသော ရပ်မိ၊ ရပ်ဖများ၊ ကျေးရွာသူ/သားများက ဦးစားပေးဆောင်ရွက် လိုသော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြရာ တာဝန်ရှိသူများက လိုအပ်သည် များရှင်းလင်းပြောကြားပြီး ကျေးရွာနေပြည်သူများ၏ အများသဘောဆန္ဒနှင့်အညီ ကျေးရွာဖွံ့ဖြိုးရေး       ကော်မတီဝင်(၇)ဦးကို မဲစနစ်ဖြင့်     ရွေးချယ်ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။     ပေါင်မြို့နယ်အတွင်း ယခုဘဏ္ဍာနှစ်တွင် တောင်ပိုင်းကျေးရွာအပါအဝင် သာယာကုန်းကျေးရွာ၊ မြလေချောင်ကျေးရွာ၊ ရင်းငြိမ်(တောင်)ကျေးရွာ၊ သဲကုန်းကျေးရွာ၊ ညောင်ကုန်းစုကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းစီမံကိန်း ပံ့ပိုးရန်ပုံငွေ ကျပ်သိန်း(၁၅၀)၊ ကျေးရွာနေပြည်သူများ၏ လုပ်အား ငွေအားထည့် ဝင်မှုဖြင့် ကျေးရွာသူ/သားများကိုယ်တိုင် ကျေးရွာ၏ အဓိကလိုအပ်ချက်များပါဝင်သော ဖွံ့ဖြိုးရေးစီမံချက်များ ရေးဆွဲပြီးစီမံချက်ပါဖွံ့ဖြိုးရေးလုပ်ငန်းများကို ဦးစားပေးအလိုက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က နည်းပညာများပံ့ပိုးကာ အကောင်အထည်ဖော်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်လတ် မှ သိရသည်။