ချင်းပြည်နယ်ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး
Date : 26 July 2023
၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့
(၂၆.၇.၂၀၂၃)ရက်နေ့တွင် ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ချင်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွင်ထန်နှင့် ဝန်ကြီးများ၊ ပြည်နယ် အဆင့်ဌာန ဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်မှ ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ဖို့ အတွက် ပြည်သူအများစုနေထိုင်တဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါ သည်။
၂၀၂၂-၂၀၂၃ခုဘဏ္ဍာရေးနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ကို ချင်းပြည်နယ် အတွင်း မြို့နယ် (၅)မြို့နယ်ရှိ ကျေးရွာ (၄၂)ရွာတွင် ဖွံ့ဖြိုးရေးလုပ်ငန်းပေါင်း (၄၆)ခုအား နိုင်ငံတော် ထောက်ပံ့ရန်ပုံငွေဖြင့် ကျေးရွာ(၁)ရွာလျှင် ငွေကျပ်(၁၀၀)သိန်းဖြင့် အကောင်အထည် ဖော်ပြီးစီး ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ ၎င်းကျေးရွာ (၄၂)ရွာမှ နောက်ထပ် ဖွံ့ဖြိုးရေးလိုအပ်ချက်များ ဖော်ထုတ်ရရှိလာသည့် လုပ်ငန်း(၁၅၂)ခုကို သက်ဆိုင်ရာဌာနများမှ မိမိတို့၏ မူဝါဒနှင့် ကိုက်ညီသည့် လုပ်ငန်းများအား ဘဏ္ဍာရေးနှစ်အလိုက် ထည့်သွင်းလျာထားပေးနိုင်ရန် ချင်းပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတမ်အောင်မှ တင်ပြခဲ့ပါသည်။ အဆိုပါ ကျေးရွာများမှ ဖွံ့ဖြိုးရေးလိုအပ်ချက်များကို ဘဏ္ဍာရေးနှစ်အလိုက် လျာထားနိုင်ရေးအတွက် တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ ဆွေးနွေးခဲ့ကြပါကြောင်း သတင်းရရှိပါသည်။