၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ်၊ ပုသိမ်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က VDP အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာများအား VDP စီမံချက်နှင့် AVIP ရေးဆွဲနည်းသင်တန်းဖွင့်လှစ်ပို့ချခြင်း
Date : 21 July 2023
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၂၀)ရက်နေ့ မြို့တော်သတင်းစာ
၂၀၂၃ - ၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ်၊ မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ ပုသိမ်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာ(၇)ရွာအား VDP စီမံချက်နှင့် ကျေးရွာဖွံ့ဖြိုးရေး ရန်ပုံငွေသုံးစွဲရေးအစီအစဉ်(AVIP) ရေးဆွဲနည်းသင်တန်းဖွင့်ပွဲကို ဇူလိုင် ၁၈ ရက်နေ့က အဆိုပါ ဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ချစ်ဦးကို