ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

မြုိ့နယ်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) သုံးသပ်ဆွေးနွေးပွဲ ကျင်းပ

Date : 10 May 2023

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းများ ဆောင်ရွက်ရာမှာ အဆင်ပြေလွယ်ကူ ‌စေရန် ရည်ရွယ်ကာ မြို့နယ်အဆင့် စီမံကိန်းများ သုံးသပ်ဆွေးနွေးပွဲအခမ်းအနားကို မေလ ၆ ရက်နေ့ မနက်ပိုင်းက မြို့နယ်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ မှာ ကျင်းပပါသည်။ ပထမဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒေသဦးစီးမှူး ဒေါ်လွင်လွင်ဦးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်ဝင်းက စီမံကိန်းများ သုံးသပ်ဆွေးနွေးပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များနှင့် မြို့နယ်အတွင်း‌ရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်းပြောကြားပါသည်။ ဆက်လက်ပြီး  ‌ကျေးရွာ(၁၄၅)ရွာမှ တက်ရောက်လာကြသည့် မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင် များနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ကော်မတီဝင် (၂၂၅)တို့က အုပ်စု(၄)စုဖွဲ့ကာ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရာမှာ တွေ့ကြံရသည့် အခက်အခဲများ၊ အားသာချက်၊ အားနည်းချက်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး ဒေသဦးစီးမှူးနှင့် မြို့နယ်မှ တာဝန်ရှိသူများက လိုအပ်တာများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။ ထိုနောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း စံပြကျေးရွာ ပထမဆုရ လုံးပိုးကျေးရွာ၊ ဒုတိယဆုရ ဘန်းပိန်းကျေးရွာနှင့် တတိယဆုရ ဆောင်းခါးကျေးရွာတို့ကို အသီးသီး ဆုများချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။