၂၀၂၃-၂၀၂၄ခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံချက်ရေးဆွဲနည်းနှင့် Website ရေးသွင်းနည်းဆင့်ပွားသင်တန်းအား (၃.၇.၂၀၂၃)ရက်နေ့မှ (၇.၇.၂၀၂၃)ရက်နေ့အထိ ဖွင့်လှစ်မှုအခြေအနေ
Date : 03 July 2023
၂၀၂၃-၂၀၂၄ခုဘဏ္ဍာရေးနှစ်တွင် တနင်္သာရီတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံချက်ရေးဆွဲနည်းနှင့် Website ရေးသွင်းနည်းသင်တန်းအား သင်တန်းသူ/သား(၂၀)ဦး၊ Video Conferencing စနစ်ဖြင့် သင်တန်းသူ/သား(၁၆)ဦး၊စုစုပေါင်း သင်တန်းသား(၃၆)ဦးဖြင့် (၃.၇.၂၀၂၃)ရက်နေ့မှ (၇.၇.၂၀၂၃)ရက်နေ့အထိ (၅)ရက်ကြာ သင်တန်းဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းအခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးရဲခေါင်က အမှာစကားပြောကြားရာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းအား မြေပြင်တွင် လက်တွေ့တာဝန်ယူဆောင်ရွက်နေရသည့် ဝန်ထမ်းများအနေဖြင့် သိသင့်သိထိုက်သော အရာများအား လက်စွဲစာအုပ်ပါအတိုင်း အမှန်သိရှိဖို့လိုအပ်ပါကြောင်း၊ စီမံကိန်းမှ သတ်မှတ်ထားသည့် လုပ်ငန်းစဉ်များအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် စီမံကိန်းအကြောင်းအရာများအား ဂဃနဏ သိရှိမှတ်သား ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ သို့မှသာ သက်ဆိုင်ရာဌာနများနှင့် ကျေးရွာများသို့ စီမံကိန်းအကြောင်းအရာ မိတ်ဆက်ရှင်းလင်းချပြသည့်အခါ ထိထိရောက်ရောက် ရှင်းလင်းချပြနိုင်မည်ဖြစ်ပါကြောင်း၊ သင်တန်းသူ/သားများအနေဖြင့် မိမိတို့ မြေပြင်တွင် ကြုံတွေ့ရသည့် အတွေ့အကြုံများအား အပြန်အလှန်အမြင်ချင်း ဖလှယ်ဆွေးနွေးသင့်ပါကြောင်း ပြောကြားပါသည်။