ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံချက်ရေးဆွဲနည်းနှင့် Websiteရေးသွင်းနည်းဆင့်ပွားသင်တန်းဆင်း

Date : 04 July 2023

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံချက်ရေးဆွဲနည်းနှင့် Websiteရေးသွင်းနည်းဆင့်ပွားသင်တန်းဆင်း
====================================================================
မကွေး ဇူလိုင် ၄
============

မကွေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကွပ်ကဲမှုအောက် ခရိုင်/မြို့နယ်များရှိ ဝန်ထမ်းများမှ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်နေသောကျေးရွာများ၏လိုအပ်ချက် စီမံကိန်းများအားအလွယ်တကူ သိမြင်နိုင်စေရန်နှင့် အထောက်အကူပေးနိုင်စေရန်ရည်ရွယ်၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံချက်ရေးဆွဲနည်းနှင့် Websiteရေးသွင်းနည်းဆင့်ပွားသင်တန်းဆင်းပွဲအခမ်းအနား ကိုမကွေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ယမန်နေ့မွန်းလွဲ ၃နာရီ ကကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဦးထွန်းထွန်းဝင်း ကသင်တန်းဆင်းအမှာစကားပြောကြားရာတွင် သင်တန်းဆင်း သင်တန်းသား သင်တန်းသူများအနေဖြင့် သင်တန်းမှပို့ချပေးခဲ့သော သင်ခန်းစာများအားမိမိတို့မြို့နယ်များရှိ ကျေးရွာများတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာ၌အကျိုးရှိစွာအသုံးချသွားစေလိုကြောင်းပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများက သင်တန်းသားသင်တန်းသူများထံသို့ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်သည်။ ဆက်လက်၍ သင်တန်းသား သင်တန်းသူများကိုယ်စား မင်းလှမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လှိုင်သူဇာအောင် ကကျေးဇူးတင်စကားပြောကြားခဲ့သည်။

အဆိုပါကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံချက်ရေးဆွဲနည်းနှင့် Websiteရေးသွင်းနည်းဆင့်ပွားသင်တန်းကိုမကွေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကွပ်ကဲမှုအောက် ခရိုင်/မြို့နယ်များရှိ အရာထမ်း၊ အမှုထမ်းဝန်ထမ်း (၃၅)ဦးတက်ရောက်ခဲ့ဖြစ်ပြီး သင်တန်းတွင်ကျေးရွာဖွံ့ဖြိုးရေးစီမံချက်ရေးဆွဲနည်းနှင့် Websiteရေးသွင်းနည်းသင်ခန်းစာများအားလေးရက်ကြာဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်းသိရသည်။