ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံချက်ရေးဆွဲနည်းနှင့် Websiteရေးသွင်းနည်းဆင့်ပွားသင်တန်းဖွင့်လှစ်

Date : 01 July 2023

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံချက်ရေးဆွဲနည်းနှင့် Websiteရေးသွင်းနည်းဆင့်ပွားသင်တန်းဖွင့်လှစ်
===================================================================
မကွေး ဇွန် ၃၀
============
 
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကွပ်ကဲမှုအောက် ခရိုင်/မြို့နယ်များရှိ ဝန်ထမ်းများမှ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်နေသော(အစိုးရဌာန၊ INGOs၊ NGOs အဖွဲ့အစည်းအသီးသီးများ) မှကျေးရွာများ၏လိုအပ်ချက် စီမံကိန်းများအားအလွယ်တကူ သိမြင်နိုင်စေရန်နှင့် အထောက်အကူပေးနိုင်စေရန်ရည်ရွယ်၍ ကျေးရွာဖွံ့ဖြိုးရေးစီမံချက်ရေးဆွဲနည်းနှင့် Websiteရေးသွင်းနည်းဆင့်ပွားသင်တန်းကိုမကွေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉နာရီအချိန်က ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
 
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဦးထွန်းထွန်းဝင်း ကအဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မကွေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဝေလင်းမောင်က သင်တန်းတွင်ပို့ချပေးမည့်သင်ခန်းစာဘာသာရပ်များနှင့် သင်တန်းတွင်လိုက်နာရမည့်စည်းကမ်းချက်များအားရှင်းလင်းပြောကြားသည်။
ဆက်လက်၍ သင်တန်းနည်းပြများနှင့် သင်တန်းသူ သင်တန်းသားများက တစ်ဦးချင်းမိတ်ဆက်ခဲ့ကြသည်။
 
အဆိုပါကျေးရွာဖွံ့ဖြိုးရေးစီမံချက်ရေးဆွဲနည်းနှင့် Websiteရေးသွင်းနည်းဆင့်ပွားသင်တန်းကိုမကွေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကွပ်ကဲမှုအောက် ခရိုင်/မြို့နယ်များရှိ အရာထမ်းအမှုထမ်းဝန်ထမ်း (၃၅)ဦးတက်ရောက်မည်ဖြစ်ပြီး သင်တန်းတွင်ကျေးရွာဖွံ့ဖြိုးရေးစီမံချက်ရေးဆွဲနည်းနှင့် Websiteရေးသွင်းနည်းသင်ခန်းစာများအားဇွန်လ ၃၀ရက်နေ့မှ ဇူလိုင်လ ၃ရက်နေ့အထိ လေးရက်ကြာ စာတွေ့လက်တွေ့များဖြင့် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်းဝင်း ကပြောပြ၍ သိရသည်။