ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

မွန်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပြည်နယ်အဆင့်မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) နှင့် ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း (Smart Village )စီမံကိန်းများ သုံးသပ်ဆွေးနွေးပွဲအခမ်းအနား

Date : 24 May 2023

သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၊ မွန်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပြည်နယ်အဆင့်မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) နှင့် ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း (Smart Village )စီမံကိန်းများ သုံးသပ်ဆွေးနွေးပွဲအခမ်းအနားကို မေလ ၂၄ ရက်က မွန်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။အခမ်းအနားတွင် မွန်ပြည်နယ်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ရဲမှူးကြီးမျိုးဆွေမှ အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ မွန်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဝင်းနိုင်က  ပြည်နယ်အဆင့်မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) နှင့် ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း(Smart Village ) သုံးသပ်ဆွေးနွေးပွဲ ဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ထို့နောက် မော်လမြိုင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်နွယ်ဦး ၊ သထုံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သီတာဝင်းစံ၊ ကျိုက်ထိုခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခင်စိုး နှင့် ရေးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်လွင် တို့က မိမိခရိုင်အတွင်း စီမံကိန်းလုပ်ငန်းများဆောင်ရွက်နေမှု နှင့် မြို့နယ်အဆင့်စီမံကိန်းသုံးသပ်ဆွေးနွေးပွဲရလဒ်များအပေါ် အားနည်းချက် အားသာချက်များနှင့်ပတ်သက်၍ အသေးစိတ် Power Point ဖြင့် ရှင်းလင်းဆွေးနွေးတင်ပြခဲ့ပြီးနောက် မွန်ပြည်နယ်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ရဲမှူးကြီးမျိုးဆွေမှ လိုအပ်သည်များကိုဆွေးနွေးမှာကြား၍ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။အဆိုပါစီမံကိန်းများ သုံးသပ်ဆွေးနွေးခြင်းအခမ်းအနားကို မွန်ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန  ဝန်ကြီး ရဲမှူးကြီးမျိုးဆွေ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ အရာရှိများ ၊ မွန်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဝင်းနိုင် ၊ ခရိုင်ဦးစီးမှူးများ၊ မြို့နယ်ဦးစီးမှူးများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်းသိရသည်။