ကြာအင်းဆိပ်ကြီးမြို့နယ်၊ ထီးပေါ့ကလိုးကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်နေမှုစစ်ဆေး
Date : 20 March 2023
ကြာအင်းဆိပ်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ထီးပေါ့ကလိုးကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းမှ တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကြာအင်းဆိပ်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စီမံကိန်းတာဝန်ခံ ဝန်ထမ်း ဒေါ်မိခင်မိုးနှင့်ဝန်ထမ်းများက ထီးပေါ့ကလိုးကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေဖြင့် ကျေးရွာတွင်းလမ်း အရှည် ပေ ၅၅၀၊ အကျယ် ၁၂ ပေ၊ အမြင့် ၆ လက်မ ရှိ ကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး စီမံကိန်းလုပ်ငန်းနှင့်စပ်လျဉ်း၍ လိုအပ် သည်များ ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါကွန်ကရစ်လမ်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP) ရန်ပုံငွေကျပ်သိန်း(၁၀၀)နှင့် ပြည်သူထည့်ဝင်ငွေကျပ်(၄၅)သိန်းဖြင့် ကျေးရွာပြည်သူလူထုကိုယ်တိုင် ဆောင် ရွက် လျက်ရှိကြောင်းသိရသည်။