ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

သရက်မြို့နယ် မုဆိုးရင်ကျေးရွာ၌ ရွာတွင်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

Date : 03 March 2023

သရက်မြို့နယ် မုဆိုးရင်ကျေးရွာ၌ ကျေးရွာတွင်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

============================================================

သရက် မတ် ၂

===========

                        မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေဖြင့် ဆောင်ရွက်သော ရွာတွင်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို မတ်လ (၂)ရက်နေ့ နံနက်ပိုင်းက  မုဆိုးရင်ကျေးရွာ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

                        ရှေးဦးစွာ အခမ်းအနားတွင် သရက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးတင်မျိုးလတ်မှ အဖွင့်အမှာစကား ပြောပြီး  သရက်မြို့နယ်ကျေးလက်ဒေသဖွွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမင်းဇော်ဟန်မှ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေဖြင့် ကျေးရွာတွင်းကွန်ကရစ်လမ်းလုပ်ငန်း ဆောင်ရွက်ခဲ့မှု အခြေအနေများ ကို  ရှင်းလင်းတင်ပြပြီးနောက် မုဆိုးရင်ကျေးရွာဖွံ့ဖြိုးရေးကော်မတီဥက္ကဌ ဦးဝင်းတင်မှ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်းသိရသည်။

                        ထိုနောက် မုဆိုးရင်ကျေးရွာ၌ ရွာတွင်းကွန်ကရစ်လမ်းသစ်ကို သရက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးတင်မျိုးလတ်၊ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီး ဦးသက်နိုင်ဦး၊ အဖွဲ့ဝင်(၂) ဦးစိုးလှမြင့်၊ သရက်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ဦးဝင်းနိုင်၊ သရက်ခရိုင်ကျေလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်ဆန်းဌေး တို့မှ ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြကာ ရွာတွင်းကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုကြပြီးနောက် အမှတ်တရ စုပေါင်းဓါတ်ပုံရိုက်ကူးကြကြောင်း သိရသည်။

                        သရက်မြို့နယ် မုဆိုးရင်ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေကျပ်သိန်း (၁၀၀)အသုံးပြုပြီး အရှည်(၅၉၀)ပေ ၊ အကျယ်(၁၂)ပေ၊အမြင့် (၆)လက်မ ရှိသော ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကို ၂၀၂၂ ခုနှစ် အောက်တိုဘာလ (၉)ရက်နေ့မှ စတင်ပြီး ကျေးရွာပြည်သူလူထုကိုယ်တိုင် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ဆောက်ရွက်ပြီးစီးကြောင်း၊ ကျေးရွာရှိ လူဦးရေ (၃၇၅)ဦးတို့မှာ သွာလာ အသုံးပြုလျက်ရှိပြီဖြစ်ကြောင်း သရက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမင်းဇော်ဟန် မှ ပြောပြ၍ သိရသည်။