ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် တောင်‌ေလး(တ)ကျေးရွာ၌ ကွန်ကရစ်လမ်းသစ်ဖွင့်

Date : 29 March 2023

ရှမ်းပြည်နယ်(တောင်ပိုင်း)ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက (၇၈)နှစ်မြောက် တပ်မတော်‌နေ့ကို  ဂုဏ်ပြုသောအားဖြင့် လိန်းညားကျေးရွာအုပ်စု၊တောင်လေး(တ)ကျေးရွာ၌ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ‌ကျင်းပသည်။ ရှေးဦးစွာ ပင်လောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး ဦးစီးအရာရှိ   (နည်းပညာ) ဒေါ်စိုးသဉ္ဖာနိုင်က တောင်လေး(တ)ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့မှုအခြေအနေကို ရှင်းလင်းပြောကြားသည်။ ထိုနောက် ပင်လောင်းမြို့နယ်ဦးစီးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကွန်ကရစ်လမ်း   မုဒ်ဦးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ထိုနောက် လမ်းကို ဖြတ်သန်းကြည့်ရှု့စစ်ဆေးကြကာ တာဝန်ရှိသူများက ကျေးရွာဖွံ့ဖြိုးရေးကော်မတီများထံသို့ လုပ်ငန်းလွှဲပြောင်း မှတ်တမ်းလွှာအား ပေးအပ်သည်။ အဆိုပါကွန်ကရစ်လမ်းသည် အရှည် ပေ(၁၀၀၀) အကျယ်(၁၂)ပေ၊ ထု (၆)လက်မရှိပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ပံ့ပိုးရန်ပုံငွေ ကျပ်သိန်း(၁၀၀)၊ ပြည်သူထည့်ဝင်ငွေကျပ်(၇၃)သိန်းကို အသုံးပြုကာ ဦးစီးဌာန ဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှုဖြင့် ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် ၂၀၂၂ ခုနှစ် အောက်တိုဘာလ စတုတ္ထပတ်က စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။