ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

ညောင်ဦးမြို့နယ် ကောင်းတော်စစ်ကျေးရွာ၌ ကွန်ကရစ်လမ်းဖွင့်လှစ်

Date : 28 March 2023

(၇၈)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် ကောင်းတော်စစ်ကျေးရွာ၌ ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနားကို မတ်(၂၄) ရက်နံနက်ပိုင်းတွင်ကျင်းပသည်။

          အခမ်းအနားတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညီညီဦးမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။

          ထို့နောက်ကောင်းတော်စစ်ကျေးရွာကွန်ကရစ်လမ်းကို ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများနှင့်အဖွဲ့ဝင်များ၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဝင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးလမ်းတစ်လျှောက် လှည့်လည် ကြည့်ရှုကြသည်။

          ယခုဖွင့်လှစ်သည့် ကောင်းတော်စစ်ကျေးရွာကွန်ကရစ်လမ်းကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) ပံ့ပိုးရန်ပုံငွေကျပ်သိန်း(၁၀၀)နှင့် ပြည်သူ့ထည့်ဝင်ငွေတို့ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။