ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

ကြာအင်းဆိပ်ကြီးမြို့နယ်၊ ပေါလောကုန်းကျေးရွာ၌ ဘက်စုံသုံးခန်းခ တည်ဆောက်ပြီးစီးမှု စစ်ဆေးခြင်း

Date : 28 March 2023

ကြာအင်းဆိပ်ကြီးမြို့နယ် ပေါလောကုန်းကျေးရွာ၌ ဘက်စုံသုံးခန်းမတည်ဆောက်ပြီးစီးမှု စစ်ဆေး

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပေါလောကုန်းကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ရန်ပုံငွေဖြင့် ဘက်စုံသုံး ခန်းမ တည်ဆောက်ပြီးစီးမှုအခြေအနေများကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကြာအင်းဆိပ်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန ဦးစီးအရာရှိ(နည်းပညာ) ဒေါ်မိခင်မိုး၊ စီမံကိန်းတာဝန်ခံနှင့် ဝန်ထမ်းများက ပေါလောကုန်းကျေးရွာ၌ အလျားပေ ၄၀၊ အနံပေ ၃၀နှင့် အမြင့် ၁၂ပေရှိ ဘက်စုံသုံးခန်းမဆောင် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဦးစီးအရာရှိ (နည်းပညာ)က ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများကို အကျိုးရှိစွာအသုံးပြုရန်နှင့် ရေရှည်တည်တံ့ ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရန် ဆွေးနွေးမှာကြားသည်။

အဆိုပါလုပ်ငန်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ပံ့ပိုးရန်ပုံငွေကျပ်သိန်း ၁၀၀၊ ပြည်သူလူထုထည့်ဝင်ငွေကျပ်သိန်း ၁၃၀ စုစုပေါင်းငွေကျပ်သိန်း ၂၃၀ ဖြင့် ကြာအင်းဆိပ်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ နည်းပညာပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ပြည်သူလူထုကိုယ်တိုင် ဩဂုတ်လ ပထမပတ်က စတင်အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ကို ပေါလောကုန်းကျေးရွာ အပါအဝင် ကျေးရွာကိုးရွာ၌ ဆောင်ရွက်ပေးလျက် ရှိကြောင်း ကြာအင်းဆိပ်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ(နည်းပညာ) ဒေါ်မိခင်မိုးက ပြောပြ၍ သိရသည်။