ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကတွန်စုကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်နေမှုစစ်ဆေးခြင်း

Date : 28 March 2023

ကြာအင်းဆိပ်ကြီးမြို့နယ် ကတွန်စုကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်နေမှုစစ်ဆေး

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကတွန်စုကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို အောက်တိုဘာ ၁၄ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကြာအင်းဆိပ်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန ဦးစီးအရာရှိ(နည်းပညာ) ဒေါ်မိခင်မိုး၊ စီမံကိန်းတာဝန်ခံနှင့် ဝန်ထမ်းများက ကျေးရွာ ကော်မတီဝင်များနှင့်အတူ ကတွန်စုကျေးရွာ၌ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေ အနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးအရာရှိ(နည်းပညာ) ဒေါ်မိခင်မိုးက လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကတွန်စုကျေးရွာ၌ လမ်းအရှည်ပေ ၅၄၀၊ အကျယ် ၁၂ ပေ၊ အမြင့် ခြောက်လက်မရှိ ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်းကို VDP စီမံကိန်း ရန်ပုံငွေကျပ် ၁၀ သန်း၊ ပြည်သူထည့်ဝင်ငွေကျပ် ၄ ဒဿမ ၃ သန်း အကုန်ကျခံကာ မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများ၏  အနီးကပ်ကြီးကြပ်မှုဖြင့် ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် လုပ်ငန်း၏ ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။