ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

ကျေးရွာဖွံ့ဖြိုးရေးအထောက်အကူပြုဇယားများ ဖြည့်သွင်းခြင်း၊ ဦးတည်အုပ်စု ဝိုင်းဖွဲ့ဆွေးနွေးခြင်းဖြင့် အချက်အလက်များ ဖော်ထုတ်ခြင်း၊ ဖွံ့ဖြိုးရေးဗျူဟာ တည်ဆောက်မှု အခြေပြဇယားတည်ဆောက်ခြင်း အကြောင်း ရှင်းလင်းဆွေးနွေးခြင်း

Date : 28 February 2023

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)၊ သုတေသနခန်းမ၌ ဖွင့်လှစ်ပို့ချလျက်ရှိသည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံချက်ရေးဆွဲနည်းနှင့် website ရေးသွင်းနည်းသင်တန်း (၁/၂၀၂၃)တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)၊ ဆင်းရဲမှုလျော့ချရေးနှင့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြုဌာနမှ ဦးစီးအရာရှိ ဒေါ်ယုသဉ္ဇာလွင်သည် ကျေးရွာဖွံ့ဖြိုးရေးအထောက်အကူပြုဇယားများ ဖြည့်သွင်းခြင်း၊ ဦးတည်အုပ်စု ဝိုင်းဖွဲ့ဆွေးနွေးခြင်းဖြင့် အချက်အလက်များ ဖော်ထုတ်ခြင်း၊ ဖွံ့ဖြိုးရေးဗျူဟာ တည်ဆောက်မှု အခြေပြဇယားတည်ဆောက်ခြင်း အကြောင်းအား ရှင်းလင်းဆွေးနွေးခဲ့ပြီး သင်တန်းသားများမှ အုပ်စုဖွဲ့ဆွေးနွေးပြီး ပြန်လည်ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။