ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံချက်ရေးဆွဲနည်းနှင့် Website ရေးသွင်းနည်းသင်တန်း (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနား ကျင်းပခြင်း

Date : 27 February 2023

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ဝန်ထမ်းများ စွမ်းဆောင်ရည်များ ယခင်ကထက် ပိုမိုတိုးတက်လာစေရန်နှင့် လက်တွေ့လုပ်ငန်းခွင်တွင် အသုံးချနိုင်စေရန်အတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံချက်ရေးဆွဲနည်းနှင့် Website ရေးသွင်းနည်းသင်တန်း (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီ (၃၀) မိနစ်အချိန်က နေပြည်တော်ရှိ ရုံးအမှတ် (၃၆)၊ သုတေသနခန်းမ၌ ကျင်းပပြုလုပ်ရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင် တက်ရောက်အမှာစကား ‌ပြောကြားခဲ့ပါသည်။ အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြပြီး သင်တန်းကို ကယားပြည်နယ်နှင့် ချင်းပြည်နယ်မှအပ တိုင်းဒေသကြီး/ပြည်နယ်(၁၅)ခုမှ သင်တန်းသား၊ သင်တန်းသူ (၃၆)ဦးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်)မှ သင်တန်းသူ (၄)ဦး၊ စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ (၄၀)ဦး တက်ရောက်ကြပါသည်။ သင်တန်းကို ဖေဖော်ဝါရီလ (၂၇) ရက်နေ့မှ မတ်လ (၆) ရက်နေ့အထိ (၈) ရက်ကြာ စာတွေ့ လက်တွေ့ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရပါသည်။