ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ကူးတို့ဆိပ်ကျေးရွာအုပ်စု၊ ကြို့တန်းကျေးရွာသို့ ကွင်းဆင်းခြင်း

Date : 04 March 2023

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံချက်ရေးဆွဲနည်းနှင့် Website ရေးသွင်းနည်းသင်တန်း အမှတ်စဉ် (၁/၂၀၂၃) ကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်)၊ သုတေသနခန်းမနှင့် ကွန်ပျူတာခန်းမတို့တွင် (၂၇.၂.၂၀၂၃) ရက်နေ့မှ (၆.၃.၂၀၂၃) ရက်နေ့ထိ သင်တန်းသား၊ သင်တန်းသူ (၄၀)ဦးဖြင့် သင်တန်းကာလ (၈) ရက်ကြာ စာတွေ့ လက်တွေ့ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ရာ (၄.၃.၂၀၂၃) ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ပျဉ်းမနားမြို့နယ်၊ ကူးတို့ဆိပ်ကျေးရွာအုပ်စု၊ ကြို့တန်းကျေးရွာသို့ ကွင်းဆင်းပြီး စီမံကိန်းဆိုင်ရာ လုပ်ငန်းစဉ်များအား သင်တန်းသားများမှ လက်တွေ့ဆောင်ရွက်ခဲ့ကြပါသည်။ ပထမဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများမှ စီမံကိန်းလုပ်ငန်းစဉ်များအား ကျေးရွာလူထုနှင့် ပူးပေါင်း၍ တစ်ဦးချင်းဆောင်ရွက်ခြင်း၊ အုပ်စုဖွဲ့ဆောင်ရွက်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။