ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

ကျောက်ပန်းတောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတက်ရေးဦးစီးဌာန၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) လုပ်ငန်းကွင်းဆင်းစစ်ဆေးခြင်း

Date : 04 October 2022

(၇.၉.၂၀၂၂) ရက်နေ့တွင် ညောင်ဦးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၊ ခရိုင်ဦးစီးမှူး၊ဦးခင်မောင်ကျော်နှင့် ကျောက်ပန်းတောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတက်ရေးဦးစီးဌာန၊  မြို့နယ်ဦးစီးမှူး ၊ ဦးဇော်မင်းထွန်း တို့ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)  ရင်းနှီးမြှုပ်နှံမှု အစီအစဉ် ( AVIP) ဖြင့် နိုင်ငံတော်ထောက်ပံ့ငွေ (၁၀)သန်း၊ ပြည်သူထည့်ဝင်ငွေ (၃.၀၀)သန်းဖြင့်  နှစ်ကျပ်ခွဲကျေးရွာ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း( ၅၂၅ ပေ x ၁၂ပေ x ၆လက်မ) လုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကျေးရွာဖွံ့ဖြိုးရေးကော်မတီအား လိုအပ်သည့် နည်ပညာများပံ့ပိုးပေးခဲ့ပြီး စီမံကိန်းလုပ်ငန်းဆောင်ရွက်ခြင်းဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သည့်  လုပ်ငန်းစီမံချက်များ ရရှိလာခြင်း ၊ကျေးရွာပြည်သူလုထုပူးပေါင်းဆောင်ရွက်မှု မြင့်မားလာခြင်း၊ဌာနဆိုင်ရာများနှင့် ချိတ်ဆက်ဆောင်ရွက်တက်လာသဖြင့် ကျေးရွာအတွက် အကျိုးကျေးဇူးများရရှိလာမည့် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။