ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

ကျောက်ပန်းတောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတက်ရေးဦးစီးဌာန၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) လုပ်ငန်းကွင်းဆင်းစစ်ဆေးခြင်း

Date : 04 October 2022

ကျောက်ပန်တောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊မြို့နယ်ဦးစီးမှူး ၊ ဦးဇော်မင်းထွန်းမှ (၂၁.၉.၂၀၂၂) ရက်တွင် ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာ‌ရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) မှ ရင်းနှီးမြှုပ်နှံမှုအစီအစဉ် (AVIP) ဖြင့် နိုင်ငံတော် ထောက်ပံ့ငွေ (၁၀)သန်း၊ ပြည်သူထည့်ဝင်ငွေ (၃.၀၀)သန်း ဖြင့်  ဝက်ချုပ်ကုန်း (မ) ကျေးရွာ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း( ၅၂၅ပေ x၁၂ပေ x၆လက်မ) ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအတွက်  လိုအပ်သည့် နည်းပညာများ ပံံ့ပိုးပေးခြင်းနှင့် စီမံကိန်းဆောင်ရွက်ခြင်းဖြင့် ကျေးရွာရှိ ပြည်သူလူထုမှာ  စီမံကိန်းဆိုင်ရာ အချက်အလက် စာရင်းဇယားထိန်းသိမ်းမှု ကျွမ်းကျင်လာခြင်းနှင့် နိုင်ငံတော်စီမံကိန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင်မှု မြင့်မားလာခြင်း ဖြင့်  အကျိုးကျေးဇူးများ ရရှိလာမည့် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။