ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်မှ တိုက်ကြီးမြို့နယ် တာဂွ‌ကျေးရွာ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့်ဆောင်ရွက်သောလုပ်ငန်းအားကွင်းဆင်းစစ်ဆေးခြင်း

Date : 27 October 2022

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြား‌ရေးမှူးချူပ် ဦးသိန်းလွင်၊ ရန်ကုန်တိုင်း‌ဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဇော်ဇော်နောင်နှင့်အဖွဲ့သည် ၂၀၂၂-၂၀၂၃ခုဘဏ္ဍာရေးနှစ် ‌ကျေးရွာဖွံ့ဖြိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ဆောင်ရွက်သည့် တိုက်ကြီးမြို့နယ်၊ တာဂွကျေးရွာအုပ်စု၊ တာဂွကျေးရွာ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း(၄၀၀'x ၁၀'x၇")ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ကျေးရွာဖွံ့ဖြိုးရေးကော်မတီမှ  တာဝန်ခံမှု၊ တာဝန်ယူမှု အပြည့်ဖြင့် ဆောင်ရွက်တက်လာခြင်း၊ စီမံကိန်းဆိုင်ရာ အချက်အလက်စာရင်းဇယားများ ကျွမ်းကျင်လာခြင်းနှင့် နိုင်ငံတော်မှ ဆောင်ရွက်ပေးနေသည့် စီမံကိန်းများတွင် ပြည်သူလူထုမှ ပူးပေါင်းပါဝင်မှုမြင့်မားလာခြင်းစသည့် အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ကျေးရွာတွင်းလမ်းကွန်ကရစ်ခင်းရာတွင် လိုအပ်သည့် နည်းပညာများအား ဆွေးနွေးပြောကြားခဲ့ပါသည်။