ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

ကျောက်ပန်းတောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတက်ရေးဦးစီးဌာန၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) လုပ်ငန်းကွင်းဆင်းစစ်ဆေးခြင်း

Date : 05 October 2022

(၇.၉.၂၀၂၂)ရက်နေ့ ညောင်ဦးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၊ ခရိုင်ဦးစီးမှူး၊ ဦးခင်မောင်ကျော်နှင့် ၊ ကျောက်ပန်းတောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၊ မြို့နယ်ဦးစီးမှူး၊ ဦးဇော်မင်းထွန်း တို့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)၊ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်  (AVIP) ဖြင့် ဆောင်ရွက်သည့် နှစ်ကျပ်ခွဲကျေးရွာ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း (၅၂၅ပေ x၁၂ပေ x၆လက်မ) ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ရာ လိုအပ်သည့် နည်းပညာများ ပံ့ပိုးပေးခဲ့ပြီး ကျေးရွာမှ စီမံကိန်းဆောင်ရွက်ရခြင်းဖြင့် ကျေးရွာဖွံ့ဖြိုးရန် လိုအပ်သည့် စီမံချက်များရေးဆွဲပြီး ဌာနဆိုင်ရာများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ခြင်း ကြောင့် ကျေးရွာအတွက်   အကျိုးကျေးဇူးများစွာ ရရှိမည်ဖြစ်ကြောင်းနှင့် ပြည်သူများ ပူးပေါင်းဆောင်ရွက်သည့် အလေ့အထများ ဖွံ့ဖြိုးလာခြင်းဖြင့်   ကျေးရွာအတွက် အကျိုးကျေးဇူးများစွာ ရရှိမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။